ကော့မှူး ဇွန် ၁၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာစွာပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးအဖွဲ့များခွဲကာ သက်ဆိုင်ရာကျောင်းများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အား ပထမအကြိမ်အဖြစ် ထိုးနှံပေးနေကြောင်းသိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ဒေါ်ညိုညို(PHN)မှကြီးကြပ်၍ သူနာပြုဆရာမများက ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးစစ်ဆေးခြင်းဆိုင်ရာအချက်အလက်များကို မိဘအုပ်ထိန်းသူများက သဘောတူလက်မှတ်ရေးထိုးခြင်း၊ မှတ်တမ်းရေးသွင်းခြင်းများဆောင်ရွက်ပြီးမှသာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးခဲ့ကြသည်။
ကော့မှူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ်ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာကျောင်းများအရောက် ရက်များသတ်မှတ်၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဌာနမှသိရသည်။
ကျော်သူရ