တံတားဦး ဇွန် ၁၄
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိကျောင်းသား/သူ (၈၁၀၈)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ၊ဆရာမများက ကိုဗစ်-၁၉-ရောဂါကာကွယ် ရေး လမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်းများတပ်ဆင်စေခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မှတ်တမ်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ဆေးထိုးပြီးနောက် ကျောင်းသား/သူများအားမိနစ်(၃၀)ခန့် အနားယူစေခြင်းများ ဆောင်ရွက်ပေးကြသည်။
တံတားဦးမြို့နယ်အနေဖြင့် အခြေခံပညာကျောင်းပေါင်း(၁၂၁)ကျောင်းနှင့်၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပေါင်း(၉)ကျောင်း၊ စုစုပေါင်း(၁၃၀)ကျောင်းရှိရာ အခြေခံပညာကျောင်းများ၌ ဆေးထိုးပြီး ကျောင်းသား/သူပေါင်း(၇၇၂၀)ဦး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား/သူ (၃၈၈) ဦးထိုးနှံပြီးစီးပါကြောင်း၊ ရာခိုင်နှုန်းအားဖြင့် (၁၀၀.၃၇)ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးကျော်ကျော်မွန်ထံမှ သိရသည်။
ရဲတင့်