မိုင်းဖြတ် ဇွန် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်)၊ တာချီလိတ်ခရိုင်၊မိုင်းဖြတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ဝမ်လုံး ကျေးရွာနှင့် နမ့်ခမ်းတောင်ကျေးရွာများသို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ ညနေပိုင်းက ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရာဇာဝင်းထွန်းက သဘာဝဘေးအန္တရာယ်အမျိုးအစားများဖြစ်သည့် မီးဘေး၊ လေဘေး၊ရေဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေး ဆိုင်ရာ ဖြစ်ပွားတတ်သည့် အကြောင်းအရာများ၊ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာရမည့် အကြောင်းအရာများနှင့် ထောက်ပံ့ကူညီရေး ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာများ ကိုလည်းကောင်း၊ မြို့နယ်မွေးမြူးရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာထွန်းဇော်ဝင်းက မျိုးကောင်းမျိုးသန့် တိရိစ္ဆာန်များကို ရွေးချယ်၍ စနစ်တကျမွေးမြူရေးနည်းလမ်းများ၊ ကျွဲ/နွားအစာ ပင်များ စိုက်ပျိုးကျွေးမွေးခြင်းနှင့် စားကျက်စနစ်ဖြင့် ထိန်းကျောင်းမွေးမြူရေးနည်းလမ်းများ၊ ရာသီ အလိုက်ဖြစ်ပွားတတ်သည့် ရောဂါများနှင့် ကုသရေးနည်းလမ်းများကို လည်းကောင်း၊ မြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရှောလမွန် က လူမှုဘဝမြှင့်တင်ရေး စာပေ သုတလေ့လာပေး၊မူးယစ်ဆေးဝါးအန္တရာယ်နှင့် ဆိုးကျိုးများ၊လူကုန်ကူးနှင့်လူမှောင်ခိုရန်မှ ကင်းဝေးရေး၊ ပတ်ဝန်းကျင်းသန့်ရှင်းရေးနှင့် လူထုကျန်းမာရေး ဆိုင်ရာများကို လည်းကောင်း အသီးသီးရှင်းလင်းဟောပြောခဲ့ကြပြီးနောက် မြို့နယ်ဦးစီးမှူး ဒေါက်တာထွန်းဇော်ဝင်းက ကျွဲ/နွား ကာကွယ်ဆေးများ အခမဲ့ပေးအပ်ခဲ့သည်။ ယင်းနောက် တက်ရောက်လာသည့် ပြည်သူများမှ သိလိုသည့်အကြောင်းအရာများကို မေးမြန်းချက်များအား ကဏ္ဍအလိုက် ပေါင်းစပ်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
ထိုနောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးပြီး တက်ရောက်လာသည့် ကျေးလက်ပြည်သူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားရှိသော မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ် ( ပြန် /ဆက် )