မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့ နည်းပညာတက္ကသိုလ် (ကျောက်ဆည်) ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံ

ကျောက်ဆည်   ဇွန်    ၁၃

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့် လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးတို့သည် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးဦးသိန်းဌေးက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ ရည်မှန်းချက်များရောက်ရှိရေး၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ အဖွဲ့များဖွဲ့စည်းကာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး စည်းကမ်းတကျ၊ စနစ်တကျပညာသင်ကြားနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရေး ဆွေးနွေးပြောကြားပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက နိုင်ငံတော်၏အနာဂတ် မျိုးဆက်သစ်လူငယ်များ အေးချမ်းစွာပညာသင်ကြားနိုင်ရေး ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်ကြရေး၊ အဆင့်မြင့်တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ၏ လိုအပ်ချက်များဖြည့်ဆည်းပေးရေး တွေ့ဆုံခြင်း ဖြစ်ကြောင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက်ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိမ်းက နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍကိုအလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များကို  အဆင့်မြင့်တက္ကသိုလ်များမှ မွေးထုတ်ပေးလျက်ရှိရာ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးအောင်မင်းစိန်က မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်လုံခြုံရေးကိစ္စများ ကူညီဆောင်ရွက်ပေးလျက်ရှိရာ ပြစ်မှုကျူးလွန်သူများ မဖြစ်စေရေး ဂရုပြုနေထိုင်ကြရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး နည်းပညာတက္ကသိုလ်(ကျောက်ဆည်)ပါမောက္ခချုပ် ဒေါက်တာခင်မောင်ချင်းက ကျောင်း ၏ဂုဏ်ဆောင်ဘွဲ့နှင်းသဘင်ခန်းမနှင့် စာကြည့်တိုက်ဆောက်လုပ်ပေးရေး၊ ကျောင်းသား၊ ကျောင်းသူများမှ စာသင်ကြားရာတွင်ဘာသာရပ်ခွဲခြားမှုများ၊ ပြင်ပထွက်ခွင့်ကိစ္စရပ်များ၊ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်ပေးရေး ဆွေးနွေးပြောကြားခဲ့ရာ တာဝန်ရှိသူများက လုံခြုံရေးကိစ္စရပ်များနှင့် ကျောင်းစည်းကမ်းလိုက်နာရေး၊ စည်းကမ်းတကျနေထိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အားကစားပစ္စည်းများ၊ ကျောင်းစာကြည့်တိုက်ဆောက်လုပ်ပေးမည့်အစီအစဉ်များ ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့အဖွဲ့ဝင်ဝန်ကြီးများသည် စဉ့်ကိုင်မြို့နယ် တအုံကျေးရွာအတွင်းရှိ ကွန်ပျူတာ တက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာစန်းစန်းတင့်၊ ကျောက်ဆည်တက္ကသိုလ်မှပါမောက္ခချုပ် ဒေါက်တာ ရီရီဦး၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံကာ အေးချမ်းစွာပညာ သင်ကြားရေး ဆောင်ရွက်ပေးလျက်ရှိသော အစီအမံများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများ၏ တင်ပြချက်များ၊ ဖြည့်ဆည်းပေးမည့် အစီအစဉ်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

တင်တင်ထွေး