ဗိုလ်တထောင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ​အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဗိုလ်တထောင် ဇွန် ၁၃

ရန်ကုန်တိုင်း​ဒေသကြီး၊ အ​ရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် မိုးရာသီကာလသို့ရောက်ရှိလာပြီဖြစ်သောကြောင့် သွေးလွန်တုပ်ကွေး‌ရောဂါဖြစ်ပွားမှု ကာကွယ်နိုင်ရန်အတွက် ယနေ့နံနက်(၀၉:၀၀)နာရီ၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။  

ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းအတွင်းရှိ ခြင်များခိုအောင်းပေါက်ဖွားနိုင်သောရေကန်၊ ရေစည်၊ ရေအိုးနှင့် ဘုရားပန်းအိုးများစသည့် ပိုးလောက်လန်းတွယ်ကပ်နိုင်သောနေရာများအား ဖုန်း၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ အဘိတ်ဆေးခပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး သွေးလွန်တုပ်ကွေးအပါအဝင် ခြင်မှတဆင့်ကူးစက်ရောဂါများဖြစ်ပွားခြင်းမှ ကင်းဝေးစေရေးအတွက် အထူးအလေးထား၍ အရှိန်အဟုန်မြှင့်တင်ကာဆောင်ရွက်ခဲ့ကြောင်း သိရသည်။    

အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သိန်းသိန်း (ဗိုလ်တထောင်)