ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား / သူ (၄၅၃၁) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးပြီးဖြစ်

ဒဂုံမြောက် ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာ ကျောင်းသား / သူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု  ရရှိစေရန်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ  ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ  ယနေ့ နံနက်ပိုင်းတွင် အမှတ်(၂) အခြေခံပညာ မူလတန်းကျောင်း၊ အမှတ်(၇) အခြေခံပညာ မူလတန်းကျောင်း၊ အမှတ်(၈) အခြေခံပညာ မူလတန်းကျောင်းနှင့် အမှတ်(၉) အခြေခံပညာ မူလတန်းကျောင်းတို့မှ  ကျောင်းသား ကျောင်းသူများအား(Sinopharm) ကာကွယ်ဆေးအား ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကာကွယ်ဆေး ထိုးနှံပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီ‌အောင်နှင့် ရပ်မိရပ်ဖများမှ လာရောက်ကွင်းဆင်း ကြည့်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်း‌ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူ‌လေးများအား ကာကွယ်ဆေး ထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံကြသည့် ကျောင်းသား / သူများ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ အသင်းဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက် ရှိသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက် (၅) နှစ်မှ အသက် (၁၂) နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား / သူများအား ဇွန်၆ ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ရာ ဇွန် ၁၃ ရက်နေ့အထိ ကျောင်းသား / သူ (၄၅)ဦးအား ကာကွယ်ဆေး ထိုးနှံပေးပြီး ဖြစ်‌သည်။ ကျန်ရှိသည့် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို ဆက်လက်ထိုးနှံ ဆောင်ရွက်‌ ပေးသွားမည်ဖြစ်ကြောင်း  မြို့နယ်ပညာရေးဌာနမှ သတင်းရသည်။

မြင့်မြင့်ရီ