ဒဂုံဆိပ်ကမ်း ဇွန် ၁၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းဖွင့်ချိန်တွင် ကျောင်းနေအရွယ်ကလေးများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကင်းဝေး၍ ပညာသင်ကြားနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်(Sinopharm)အား ထိုးနှံခြင်းလုပ်ငန်းအားဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ(၂၁၄၀)ဦးအား ထိုးနှံပြီးစီးခဲ့ကြောင်း သိရှိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ် (Sinopharm)အား ဆက်လက်ထိုးနှံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉:၀၀)နာရီမ ညနေ(၃:၀၀)နာရီအထိ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းများတွင် ဆေးထိုးစုရပ်(၂)ခုခွဲ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၏ စီစဉ်ကြီးကြပ်မှုနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်းကာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတလူမှုကူညီရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့၊ ကျောင်းကော်မတီဝင်များမှ ဆေးထိုးနှံမည့်ကျောင်းသား၊ ကျောင်းသူများအား အပူချိန်တိုင်းခြင်း၊ ဖျားနာခြင်းရှိ/ မရှိ၊ ကာကွယ်ဆေးများထိုးနှံထားခြင်းရှိ/မရှိ၊ စနစ်တကျစစ်ဆေးပြီး ဆေးထိုးအဖွဲ့နှစ်ဖွဲ့ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိ ကြောင်း သိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အခြေခံပညာကျောင်းပေါင်း(၁၀)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၉)ကျောင်း၊ ပုဂ္ဂလိကပညာရေးကျောင်း(၄)ကျောင်းရှိ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ နှင့် အသက် (၁၂) နှစ်မှ (၁၈) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
လဲ့လဲ့