ဒလမြို့နယ်၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးအတွက် ၂၀၂၂ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲ ကျင်းပ

ဒလ ဇွန် ၁၃

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်စီမံအုပ်ရေးကောင်စီဥက္ကဋ္ဌက ကြီးကြပ် ဦးဆောင်ပြီး၊ မြို့နယ်သစ်တောဦးစီးဌာနနှင့် လမ်းဦးစီးဌာနတို့၏ စီစဉ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြေစေပြီး ဂေဟစနစ်ပိုမို ကောင်းမွန်စေရန်အတွက် ဒလ-ခနောင် ဆက်သွယ်ရေးလမ်း (တံတားချောင်းကျေးရွာ) လမ်းဘေးဝဲယာ တစ်လျှောက်တို့တွင် ယနေ့ နံနက် ၈ နာရီက မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲကို  သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း၊  သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်နှင့် ဂေဟစနစ် ကိုပြုပြင် ထိန်းသိမ်းစေရန်ရည်ရွယ်၍  မြို့နယ်စီမံအုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူး မင်းအောင်၊ အမှတ်(၃၃) ရေတပ်အုပ်ချုပ်ရေးတပ်မှ ဗိုလ်မှူး ရဲထူးအောင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  ရပ်ကွက် အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား (၁၅၀) ဦးတို့က အမြင့်နှစ်ပေနှင့် အထက်ရှိ  ပျိုးပင်များဖြစ်ကြသော ပျဉ်းမ (၅၀) ပင်၊ မဟော်ဂနီ (၅၀) ပင်၊ မအူလက်တံရှည် (၅၀)ပင်၊ မန်ဂျန်းရှား (၅၀) ပင်၊ မဇယ်လီ (၄၀) ပင်၊ ငုရွှေဝါ (၃၀) ပင်၊ ခရေ (၃၀) ပင် စုစုပေါင်း ပျိုးပင် (၃၀၀) တို့ကို့ သတ်မှတ်နေရာများတွင် စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။

သီတာဝင်း (IPRD)