ဟိုပုံး ဇွန် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တောင်ရပ်ကွက် ဒက္ခိဏရာမဘန်းကွန်ပရိယတ္တိစာသင်တိုက်၌ ပဓာနနာယက ဆရာတော်ဘဒ္ဒန္တပညာဗလသက်တော် (၄၆)နှစ်ပြည့် ဝိဇာတမွေးအလှူတော်မင်္ဂလာ၊ ဘုရားထီးတော်တင်လှူပူဇော်ပွဲနှင့် အသံမစဲပဌာန်းရွတ် ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် ဌာနဆိုင်ရာများ ကနမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီးနောက် ဟွေးတန်ကျောင်းဆရာတော် ဝါရသာမိထံမှ ပရိတ်တရားတော်နှင့် ကိုးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် အလှူရှင်များက ထီးတင်တော်ပူဇော်မည့် စိန်ဖူးတော်၊ ထီးတော်များအား သံဃာတော်များထံ ဆပ်ကပ်လှူဒါန်းပြီးနောက် သံဃာတော်များဦးဆောင်၍ စိန်ဖူးတော်၊ ထီးတော်များအား လှည့်လည်ပင့်ဆောင်သည်။ ဆက်လက်၍ ဆရာတော်၊ သံဃာတော်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် တာဝန်ရှိသူများက စိန်ဖူးတော်၊ ထီးတော်များ ထီးတင်တော်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)