မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ဝန်ထမ်းသစ်အခြေခံသင်တန်း၊ Logistics & Supply Chain Management နှင့် လုပ်ငန်းသစ်ဝန်ဆောင်မှုသင်တန်းများ  ဖွင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ ဇွန် ၁၃

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ဝန်ထမ်းသစ် အခြေခံသင်တန်း အမှတ်စဉ် (၂/၂၀၂၂) ၊ Logistics & Supply  Chain Management သင်တန်း အမှတ်စဉ် (၄/၂၀၂၂) နှင့် လုပ်ငန်းသစ်ဝန်ဆောင်မှုသင်တန်း အမှတ်စဉ် (၆/၂၀၂၂) တို့၏ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက အဆိုပါသင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊  ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး သင်တန်းတက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများအား လိုက်လံနှုတ်ဆက်အားပေးခဲ့သည်။ ၎င်းသင်တန်းများတွင် သင်တန်းသားသင်တန်းသူ ၅၃ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

သိန်းမြင့်ကျော် (မိတ္ထီလာ)