တံတားမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်

တံတား ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် (၈) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ထိုသို့   ဆောင်ရွက်ပေးရာတွင်  တံတားမြို့  စည်ပင်သာယာရေးဦးစီးဌာနမှ  ဒုတိယဦးစီးမှုး  ဒေါ်စုစုခိုင် ဦးဆောင်၍ ဝန်ထမ်းများ က ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ  ပညာသင်ကြားနိုင်ရေးအတွက် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်  စာသင်ခန်းများ၊ ဆရာ / ဆရာမ နားနေခန်းများ၊ သန့်စင်ခန်းများ၊  ရေမြောင်းများနှင့် ကျောင်းအတွင်း / အပြင် ပတ်ဝန်းကျင်များ၌ ခြင်ခိုအောင်းမှု  မရှိစေရန်၊ ခြင်မှတဆင့် ဖြစ်ပွားတက်သောရောဂါ အန္တရာယ်မှ ကင်းဝေးစေရန်ရည်ရွယ်၍  ခြင်ဆေးဖျန်းခြင်း လုပ်ငန်းကို  တံတားမြို့အတွင်းရှိ  အခြေခံပညာအထက်တန်းကျောင်း အပြင်၊ အ.မ.က( မူလွန်) ကျောင်းနှင့် အ.မ.ကကျောင်း တို့တွင်လည်း ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုးဖြူလွင်(တံတား)