ကွမ်းလုံ ဇွန် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပုံတူပန်းချီဆွဲပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ရာ ဝန်ထမ်းရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား ကျောင်းသူ ၁၅ ဦးလာရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပုံတူပန်းချီဆွဲပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ မြို့နယ်ဦးစီးမှူးက ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများနှင့် အမှတ်ပေးစည်းမျဉ်းများအကြောင်းကိုရှင်းပြခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသား/ ကျောင်းသူများမှ နိုင်ငံကိုချစ်လူမျိုးချစ် မူးယစ်မှန်တမျှတိုက်ဖျက်ပစ်ခေါင်းစဉ်ဖြင့် ပုံတူပန်းချီများကို ရေးဆွဲယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲဝင် ဆုရကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကွမ်းလုံမြို့နယ်ရုံး Community Centre ခန်းမတွင် ပြပွဲ/ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)