မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲ ကျင်းပ

မိုင်းခုတ် ဇွန် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ယမန်နေ့နံနက် ၈ နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များအား ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်၊ ပူးပေါင်းပါဝင် ယှဉ်ပြိုင်တတ်သည့်အလေ့အထရရှိစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သည့် လူရည်ချွန်၊ လူရည်မွန်၊ လူတော်၊ လူကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲများကျင်းပရာ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲတွင် မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၁၄)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး စစ်တုရင်ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား(၄)ဦး ပါဝင်ယှဉ်ပြိုင်ကြရာဆုရရှိသူများကို တာဝန်ရှိသူတို့က အမှတ်တရ ဂုဏ်ပြုဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)