တန့်ယန်းမြို့နယ်၌ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

တန့်ယန်း ဇွန် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများဖြစ်သည့် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့မွန်းလွဲညနေပိုင်းက အမှတ်(၁၀) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ထိုးနှံပေးသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရီရီထွေးကကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ ကျောင်းသားကျောင်းသူ မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက်ဖြင့် ထိုးနှံပေးလျက်ရှိရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိလှိုင်နှင့် ဆရာ/ဆရာမများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြကြောင်းနှင့် ယနေ့အထိ မြို့နယ်တွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၃၀၇၈)ယောက်အား ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)