မိုင်းပန် ဇွန် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိူးသူများအဖွဲ့က နက္ခတ္တရောင်ခြည် မဂ္ဂဇင်းစာတည်းအဖွဲ့မှစုစည်းတင်ပြသည့် တိုင်းရင်းမြန်မာဆေးမြီးတိုများစာအုပ်ဖြင့် စာဖတ်ဝိုင်း ကိုယနေ့ နံနက် ၁၁ နာရီ အချိန်ခန့်ကကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်လတ်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိူးသူ ဒေါ်နန်းတိုးတိုးလေးမှ ဆီးချိုကြောင့်ဖြစ်သော အနာများသက်သာပျောက်ကင်းစေရန် အကြောင်းကိုလည်းကောင်း၊ စာပေချစ်သူဒေါနန်းချစ်ချစ်မြိုင်က သွားဖုံးနာ သွားကိုက်ပျောက် ဆေးစွမ်းတစ်လက်ဆိုသည့်အတိုင်း နံ့သာဖြူနဲ့ ခရေခေါက်ကိုသွေးပြီး သွားကိုက်သူရဲ့ ပါးပြင်နဲ့ သွားဖုံးကို မပျစ်မကျဲလိမ်းပေးရသည်ဟုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့်စာပေချစ်သူများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ယခုလို စာဖတ်ဝိုင်းများအားကျင်းပပြုလုပ်ပေးခြင်းဖြင့် စာပေအကြောင်းအရာအသိပပညာများကို အချင်းချင်း ဖလှယ်တတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်မေးမြန်းဆွေးနွေးတတ်စေရန်နှင့် စာပေလေ့လာဖတ်ရှူ့ခြင်းဖြင့် အသိပညာတိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ရခြင်းဖြစ်ပြီး စာဖတ်ဝိုင်းသို့ စာပေချစ်မြတ်နိူးသူအဖွဲ့ဝင်(၁၁)ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မိုင်းပန်(ပြန်/ဆက်)