ပုဇွန်တောင် ဇွန် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က လူငယ်လူရွယ်များ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကိုသိရှိပြီး ရှောင်ရှားနိုင်ရန် ရည်ရွယ်ချက်ဖြင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဆွေးနွေးပွဲ (Talk Show) အစီအစဉ်ရိုက်ကူးရခြင်းဖြစ်ကြောင်း ဆွေးနွေးကာ စာရေးဆရာမ လမင်းအိမ်က မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးပြသနာကို ဖြေရှင်းနည်း များ၊ မူးယစ်အန္တရာယ် ရှောင်ကြဉ်ဖွယ် အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် Talk Show အစီအစဉ်များ၊ ဆွေးနွေးပွဲများစသည့် အခြားအသိပညာ ဗဟုသုတရဖွယ်များအား ရိုက်ကူးပေးလျက်ရှိပြီး ပုဇွန်တောင် မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Pazun Daung Facebook Page တို့တွင် လွှင့်တင်ပေးလျက်ရှိ ကြောင်း သတင်းရသည်။
ဟန်စုယဉ်