မဟာအောင်မြေ ဇွန် ၁၃
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့နံနက် ၁၀ နာရီတွင် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ နံရံကပ်စာစောင်ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်ပြပွဲကို ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ စာကြည့်တိုက်များကို ပိုမိုအသုံးချတတ်လာပြီး စာပေများကို လေ့လာဖတ်ရှုကာ စာပေအသိပညာဗဟုသုတများမြင့်မားလာစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးသည် အလွန်အန္တရာယ်ကြီးမားကြောင်း သိကောင်းစရာများ၊ မူးယစ်ဆေးဝါးဖြစ်ပေါ်လာပုံ၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးသည် တစ်မျိုးသားလုံး၏ အဓိကရန်သူဖြစ်ကြောင်း၊မူးယစ်ဆေးသည် HIV/AIDS ရောဂါကူးစက် ပြန့်ပွားစေသော ရန်သူဖြစ်ကြောင်းစသည့် အသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့ရာဒေသခံပြည်သူများ၊ ကျောင်းသူ/ကျောင်းသားများက စိတ်ဝင်တစားလာရောက် လေ့လာကြည့်ရှုခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မဟာအောင်မြေမြို့နယ်ရုံးအနေဖြင့် နေ့ထူးနေ့မြတ်များ၊ အခြားဗဟုသုတရရှိနိုင်သည့် အကြောင်းအရာများကို အများပြည်သူအသိပညာ ဗဟုသုတရစေရန် နံရံကပ်စာစောင်များကိုစဉ်ဆက်မပြတ်ပြသပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇော်မင်း