မိတ္ထီလာ ဇွန် ၁၃
မိတ္ထီလာမြို့နယ်တွင် အသက် ၇၅ နှစ်ပြည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စစ်မှုထမ်းဟောင်းရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မိတ္ထီလာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးကြီးသန်းနိုင် (ငြိမ်း) ကအဖွင့်အမှာ စကားပြောကြားရာတွင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ၎င်းတို့၏မိသားစုဝင်များ၊ သားသမီးများ၏ ပညာရေး၊ ကျန်းမာရေးများအား စောင့်ရှောက်ထောက်ပံ့ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ၂၀၂၂ခုနှစ်အတွင်း အသက် ၇၅ နှစ်ပြည့်မြောက်ခဲ့သူအဖွဲ့ဝင် ၄၁ ဦးအား မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ချုပ်မှ ထောက်ပံ့သည့် တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀၊ မန္တလေးတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ (စည်ပင်ပြင်ပ) မှ ထောက်ပံ့သည့် တစ်ဦးလျှင် ငွေကျပ် ၂၅၀၀၀၊ မိတ္ထီလာမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ ထောက်ပံ့သည့် တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ တို့အား မိတ္ထီလာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးသန်းနိုင် (ငြိမ်း) နှင့် ဒုတိယဥက္ကဋ္ဌဗိုလ်ကြီးနန္ဒကျော်သူ (ငြိမ်း) တို့က ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို မိတ္ထီလာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးကြီးသန်းနိုင် (ငြိမ်း)၊ ဒုတိယဥက္ကဋ္ဌဗိုလ်ကြီးနန္ဒကျော်သူ (ငြိမ်း) နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)