မိုင်းလုံ ဇွန် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်(၈)နာရီ တောင်နီကျေးရွာအုပ်စုဖြစ်သော ကုမ္မီကျေးရွာနှင့် ဦးပန်းကျေးရွာရှိ ပြည်သူများကို မိုင်းလုံမြို့ ရှေ့တန်းရုံးမှ လဝကဦးစီးမှူး ဦးအောင်ကျော်စိုးနှင့် ဝန်ထမ်းများက သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ရာတွင် ဦးပန်းကျေးရွာသူကြီးနေအိမ်တွင် စုရပ်အဖြစ်သတ်မှတ်၍ဆောင်ရွက်ရာတွင် အိမ်ထောင်စုအသစ်များပြုလုပ်ပေးခြင်း၊ မွေး၊ တိုး များကိုဖြည့်သွင်းပေးခြင်း၊ သေဆုံးသူများကို အိမ်ထောင်စုစာရင်းမှပယ်ဖျက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်ပြန် လျှောက်စေခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများကို အသစ်ဆောင်ရွက်ပေးခဲ့ရာ နိုင်ငံသားစိစစ်ရေး ကတ်ပြားကိုင်ဆောင်လက်မှတ်မရှိသူ စုစုပေါင်း(၁၉)ဦး၊ အိမ်ထောင်စု(၇)စုတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထပ်မံရရှိစေရေးတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့်လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ပန်ခင်းစီမံချက်ဆိုင်ရာ သိမှတ်ဖွယ်ရာလက်ကမ်းစာစောင်များကိုလည်းဖြန့်ဝေပေးပြီး ကျန်ရှိသောပြည်သူများလည်း မိုင်းလုံမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးတွင် လာရောက်၍ ဆောင်ရွက်နိုင်ကြောင်းကို ပြောကြားခဲ့သည်။
ဇော်ဇော်(ပြန်/ဆက်)