မိတ္ထီလာ ဇွန် ၁၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာခရိုင်၊ မိတ္တီလာမြို့နယ် ဖလံကျင်းကြိုးဝိုင်းအကွက် အမှတ် (၄) တွင် အပူပိုင်းဇုန်စိမ်းလန်းစိုပြည်ရေးအတွက် မိုးရာသီအကြိုသစ်ပင်စိုက်ပွဲအား ယမန်နေ့နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီအကြိုသစ်ပင်စိုက်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနှင်းအောင်ဆန်းနှင့်ဝန်ထမ်းများ၊ ဖလံကျင်း အမြောက်သင်တန်းကျောင်းမှ တပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ မုန်တိုင်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများမှ ကျေးလက်နေပြည်သူများစုပေါင်း၍ အရိပ်ရသစ်ပင်ပျိုးပင်များဖြစ်သည့် ဒဟတ်၊ ယင်းမာ၊ ပိတောက်၊ ကုက္ကို၊ ရှား၊ ဖျောက်ဆိပ် စုစုပေါင်း ၃ဝဝဝ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ချမ်းသာ