လားရှိုး ဇွန် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ရှိ သင်တန်းခန်းမတွင် ဇွန်လ(၁၁)ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်က အင်္ဂလိပ်စကားပြောသင်တန်းဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးက အင်္ဂလိပ်စကားပြောသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လားရှိုးလူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်လျက်ရှိသော လူထုအကျိုးပြုလုပ်ငန်းများ ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါအင်္ဂလိပ်စကားပြောသင်တန်းကို လုပ်ငန်းခွင်အသီးသီးမှ အင်္ဂလိပ်စကားပြော စိတ်ပါဝင်စားသူများနှင့် လူငယ်၊ လူရွယ်များ၊ တက်ရောက်လျက်ရှိပြီး (၁၁-၆-၂၀၂၂)ရက်နေ့မှ (၁၈-၉-၂၀၂၂)ရက်နေ့ထိ သင်တန်းကာလ(၁)လ ဖြစ်ပြီး အပတ်စဉ်စနေနေ့နှင့် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။
အင်္ဂလိပ်စကားပြောသင်တန်းကို Community Centre(လားရှိုး) တွင် နွေရာသီအင်္ဂလိပ်စာ (4 Skill) သင်တန်းသင်ကြားပို့ချပေးခဲ့သော လားရှိုးပညာရေးဒီဂရီကောလိပ်၊ အင်္ဂလိပ်စာဌာနမှ ဆရာဦးကျော်ဇင်အောင်က ဆက်လက်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး