ဝမ်းတွင်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကြောင့် ဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဝမ်းတွင်း ဇွန် ၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကြောင့် ဘေးသင့်အိမ်ထောင်စုများအား တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်မိုးဦးမှမြို့နယ် အတွင်းဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်များနှင့် ဘေးသင့်အိမ်ထောင်စုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ထောက်ပံ့ငွေပေးအပ်ရခြင်းများနှင့် ပတ်သက်၍ရှင်းလင်း ပြောကြားခဲ့ပြီး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု့ဦးစီးဌာန ဦးစီးမှူးဒေါ်အိမွန်လှိုင်မှ သဘာဝဘေးအန္တရာယ်အကြောင်းများနှင့် ထောက်ပံ့ပေးအပ်ခြင်းဆိုင်ရာကိစ္စများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ဝမ်းတွင်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့မှုကြောင့် ဘေးသင့်ကျေးရွာအုပ်စု(၈) အုပ်စု၊ အိမ်ထောင်စု(၈၈)စုနှင့် လူဦးရေ (၃၅၆) ဦးတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ထောက်ပံ့ပေးအပ်သော ငွေကျပ် (၂၇၀၀၀၀၀၀)(ငွေကျပ်သိန်းနှစ်ရာ့ခုနှစ်ဆယ်)အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦး၊ အဖွဲ့ဝင်-၁ ဗိုလ်မှူး သက်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှုးဒေါ်အိမွန်လှိုင်တို့မှ ပေးအပ်ခဲ့ရာ  သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဘေးသင့်အိမ်ထောင်စုများက လက်ခံယူခဲ့ကြောင်းသိရသည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် ဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦး၊ အဖွဲ့ဝင်-၁ ဗိုလ်မှူးသက်နိုင်နှင့်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူးဒေါ်အိမွန်လှိုင်နှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အိမ်ထောင်စုဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)