မိုင်းလုံမြို့၌ နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု မှတ်တမ်းဓာတ်ပုံများအား ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသထားရှိ

မိုင်းလုံ  ဇွန် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စ‌ဆောင်ရွက်ထားရှိမှု မှတ်တမ်းဓာတ်ပုံများအား အများပြည်သူကြည့်ရှုလေ့လာသိရှိနိုင်ရန်   ယနေ့ နံနက်ပိုင်းက  ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။

အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏   ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဖိတ်ခေါ်ခဲ့ပြီး အနောက်ပိုင်းတိုင်းရင်းသားအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများ၊ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၁)နှင့် နောက်ဆက်တွဲများ၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၂)နှင့် နောက်ဆက်တွဲများ၊ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်၊  တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့မှုများ၊ ဘာသာပေါင်းစုံအဖွဲ့အား တွေ့ဆုံမှုများ၊ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆောင်ရွက်မှုများ၊ လိုင်ဇာညီလာခံနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံဒုတိယအစည်းအဝေး စသည့်နိုင်ငံတော်အဆင့်ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ ပြသဆောင်ရွက်ထားကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသည် နံရံကပ်စာစောင်များကို လစဉ်တစ်လတစ်ကြိမ် နေ့ထူးနေ့မြတ်များ၊ ကာလဒေသနှင့်ကိုက်ညီသည့် အခြားသိသင့်သိထိုက်သော အကြောင်းအရာများကို ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)