မောက်မယ်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

မောက်မယ် ဇွန် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တများဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်လူရွယ်များအာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည် ဉာဏ်သွေးထက်မြက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်(၉)နာရီက မူလတန်းဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းမိုခမ်းက ကျောင်းသား/ ကျောင်းသူလူငယ်များအား ပြိုင်ပွဲတွင်သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကို အ.လ.က(ခွဲ)မှ ကျောင်းသားကျောင်းသူ(၁၆)ဦး လာရောက်ယှဉ်ပြိုင်ကြခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)