မန္တလေး မေ ၁၃
နယုန်လပြည့်နေ့ (မဟာသမယအခါတော်နေ့)တွင် မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီး၌ အနယ်နယ်အရပ်ရပ်က ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဘုရားကြီးရွှေသင်္ကန်းကပ်လှူပူဇော်သည့်အချိန်မှာ နံနက်(၆)နာရီမှ ညနေ ၃နာရီခွဲအထိဖြစ်ကြောင်း၊ ဘုရားကြီးမျက်နှာသစ်တော်ရေကပ်လှူပူဇော်သည့်အချိန်မှာ နံနက် ၄ နာရီဝန်းကျင်ခန့်ဖြစ်ကြောင်းနှင့် ရွှေသင်္ကန်းကပ်လှူပူဇော်ချိန်ကိုသာ ညနေ ၃ နာရီခွဲအထိ သတ်မှတ်သော်လည်း ဘုရားဖူးချိန်အားညနေ ၆ နာရီခွဲအထိ သတ်မှတ်ထားကြောင်း သိရသည်။
နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့)တွင် ဘုရားဖူးလာရောက်ကြသူများ၊ ရွှေသင်္ကန်းကပ်လှူပူဇော်ကြသူများ၊ ဘုရားရေသပ္ပါယ်ကြသူများ၊ ပန်းဆီမီးရေချမ်းကပ်လှူကြသူများ၊ ငါးစာ၊လိပ်စာဒါနပြုကြသူများ၊ နံ့သာသွေးလှူ ကုသိုလ်ယူကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)