ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးများပေးဝေရာတွင် ပြည့်ဝစွာပေးဝေနိုင်ရေး မင်းရဲမြောင်းမှ တိုက်ရိုက်ရေပေးပြွန် (၅) လုံး ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်

ကျောက်ဆည် ဇွန် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေများပေးဝေရာတွင် ပြည့်ဝစွာပေးဝေ နိုင်ရေး မင်းရဲမြောင်းမှ တိုက်ရိုက်ရေပေးပြွန် (၅) လုံးအား ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၃၀) သန်းဖြင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူပြီး ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ရေပြွန်များပြန်လည်ပြုပြင်ရာတွင် ပေတိုင်အမှတ်အာဒီ (၇+၄၀၀)) နှင့် အာဒီ (၉+၉၃၀) အတွင်းမှ အရှည်(၂၀)ပေ၊ အကျယ် (၁၂) လက်မ ပြွန်(၁)လုံး၊ အရှည်ပေ(၂၀)၊ အကျယ်(၉)လက်မ ပြွန်(၃)လုံး၊ အရှည်(၂၀)ပေ၊ အကျယ်(၆)လက်မ ပြွန်(၁)လုံး စုစုပေါင်းသံကူကွန်ကရစ် ရေပေးပြွန် (၅) လုံးအား ပြန်လည်ပြုပြင်ပေးသွားမည့်အပြင် ရေပြွန်ထိပ်နဖူးစည်းများ ကျောက်နံရံစီခြင်း၊ ထိန်းချုပ်ရေတံများ တပ်ဆင်ပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ရေပေးဝေပြွန်များ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးပါက သီးနှံမျိုးစုံစိုက်ပျိုးဧက (၄၀၀) ဧကအတွက် ရေများပေးဝေရာတွင် ရေပြွန်ထိပ်တံခါးများဖြင့် လွယ်ကူစွာ အဖွင့်အပိတ်ပြုလုပ်ပြီး ရေများပေးဝေနိုင်သဖြင့် ရေအလေအလွင့်ဆုံးရှုံးမှုနည်းပါးစွာ စိုက်ပျိုးသီးနှံများအောင်မြင်သည်အထိ လိုအပ်သည့်ရေပမာဏ ပြည်ဝစွာပေးဝေနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင် (ကျောက်ဆည်)