မန္တလေး၊ စက်တင်ဘာ ၇
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် နှာခေါင်းစည်း (Msak) အခုရေ ၂၅၀၀၀ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက် ၇ နာရီခွဲခန့်က အိုးဘိုရွှေကျင်ရပ်ကွက်၊ မန္တလေး-မတ္ထရာလမ်း၊ ရွှေကျင်လမ်းဆုံ၌ ပြုလုပ်ကြသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအားလုံး နှာခေါင်းစည်း (Msak) များ တပ်ဆင်သွားလာကြစေရန် အလှူရှင် ဦးစိုင်းအောင်မြင့်၊ ရင်ဘတ်တူညီနောင် လူမှုကယ်ဆယ်ရေးအဖွဲ့မှအဖွဲ့ဝင်များ၊ သဒ္ဒါဖြူစင်လူငယ်ပရဟိတအဖွဲ့မှအဖွဲ့ဝင်များက လမ်းသွားလမ်းလာပြည်သူများအား တစ်ထုပ်လျှင် နှာခေါင်းစည်း (Mask) (၅) ခုပါ အထုပ်ရေ ၅၀၀၀၊ အခုရေ ၂၅၀၀၀ အား အခမဲ့ဖြန့်ဝေပေးကြသည်။
အဆိုပါ နှာခေါင်းစည်း (Mask) များပေးဝေရာသို့ အိုးဘိုရွှေကျင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းနှင့်ရာအိမ်မှူးများက ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)