တာလေမြို့၌ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန် ကာကွယ် ဆေး ထိုးခြင်း အဟာရတိုက်ကျွေးခြင်းများဆောင်ရွက်

 

တာလေ      စက်တင်ဘာ      ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် တာလေမြို့တွင် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ် ဆေးထိုးခြင်း၊ အဟာတိုက်ကျွေးခြင်းများကို ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ယနေ့ နံနက်ပိုင်းက တာလေမြို့ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အမှတ်(၃၈၈) အမြှောက် တပ်ရင်းမှ သားဖွားဆရာ မဒေါ်ယုယုခိုင် ဦးဆောင်သောအဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့သည်။

တာလေမြို့အတွင်းရှိ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များကို ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည် ဖွံ့ဖြိုးစေရန် လစဉ်ပုံမှန် ကာကွယ်ဆေးထိုးခြင်း၊ အာဟာရ တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ကိုယ်ဝန် ဆောင် မိခင်များကိုလည်း ကျန်းမာရေးစစ်ဆေးပေးခြင်း နှင့် ကာကွယ်ဆေး ထိုးခြင်းများ ဆောင်ရွက် ပေးလျက် ရှိကြောင်းသိရသည်။

အဆိုပါ  ကာကွယ်ဆေးထိုးခြင်း နှင့် အဟာရ တိုက်ကျွေးခြင်း လုပ်ငန်းကို တာလေမြို့ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန တွင်သားဖွားဆရာမ ဒေါ်နန်းဝိုးတစ်က ဦးဆောင်၍ အမှတ်(၃၈၈) အမြောက်တပ်ရင်းမှ သားဖွားဆရာမ ဒေါ်ယုယုခိုင် ဦးဆောင်သောအဖွဲ့တို့ကပူးပေါင်း  ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

အောင်ကျော်မိုး (ပြန်/ဆက်)