အင်းလေးကန်အတွင်းရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်

 

ညောင်ရွှေ     စက်တင်ဘာ     ၇

ရှမ်းပြည်နယ်၊ အင်းလေးကန်အတွင်းမီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်နှင့် အခြား ရုတ်တရက် ဖြစ်ပွားသော မတော်တဆဖြစ်ပွားသော ဘေးအန္တရာယ်များ ပေါ်ပေါက်လာပါက ထိခိုက်ဆုံးရှုံးမှု နည်းပါးစေရေးနှင့် အချိန်နှင့်တစ်ပြေးညီ အလျင်အမြန်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မီးသတ်ဦးစီးဌာနမှ ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်ပိုင်း ကညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်းရှိ ရေလယ်ဗိုလ် တဲအနီးဝန်းကျင်၌ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

အဆိုပါ လေ့ကျင့်ရေးဆောင်ရွက်မှုအားတောင်ကြီးခရိုင်မီးသတ်ဦးစီးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်သူ ဦးဆောင်၍ ခရိုင်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်(၁၄)ဦး၊ ညောင်ရွှေမြို့ နယ် မီးသတ် ဦးစီးမှူး ဦးအောင်ဖြိုးမင်းနှင့် တပ်ဖွဲ့ဝင်(၁၄)ဦးစုစုပေါင်းအင်အား (၃၀)ဦးတို့ဖြင့် မီးသတ်ရေယာဉ်(၂)စီး၊ ရှာဖွေ ကယ် ဆယ်ရေး ရေယာဉ်(၁)စီး၊ ဒေသသုံးစက်လှေ(၁)စီးတို့ဖြင့် ဆောင်ရွက် ခဲ့ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

စိုင်းအယ်ဘဲ