အင်းစိန်မြို့နယ်တွင် ပရဟိတအဖွဲ့များနှင့် စေတနာရှင်များ စုပေါင်း၍ နှာခေါင်းစည်း(၇၀၀၀)လှူဒါန်း

ရန်ကုန် စက်တင်ဘာ

ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ ပရဟိတအဖွဲ့များနှင့် စေတနာရှင်၊ အလှူရှင်များ စုပေါင်းကာ လူနေများ ပြားသော ဈေးများလမ်းများတွင် မဖြစ်မနေ သွားလာနေကြသည့် ပြည်သူများကို နှာခေါင်းစည်း(၇၀၀၀) အား နှာခေါင်းစည်း မပါလာသူများ ကိုယ်တိုင်တပ်ဆင်ပေးခြင်း၊ ကျန်းမာရေးမှ ထုတ်ပြန်ထားသော လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက်(၉) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နှာခေါင်းစည်းများ လှူဒါန်းရာတွင် အင်းစိန် တညင်းကုန်းဈေး၊ စော်ဘွားကြီးကုန်းဆယ်မိုင်ကုန်း၊ မင်္ဂလာဂုံ ဈေး၊ ဝါယာလက်ဈေး၊ မင်္ဂလာဒုံ-ဂျိုးဖြူ လမ်းမကြီးနှင့် ပေါက်ကုန်းရပ်ကွက် အလင်းစာကြည့်တိုက်ရှေ့ လမ်းမကြီးတို့တွင် ရေကြည်တစ်ပေါက် နာရေးကူညီမှုအသင်း(အင်းစိန်)၊ မေတ္တာသင်္ဂဟနာရေးကူညီမှု အသင်း၊ တက်နေထွန်းရှေ့ရေးကူညီမှုအသင်း၊ ရေကြည်တစ်ပေါက်နာရေးကူညီမှု အသင်း(မင်္ဂလာဒုံ)၊ ပေါက်ကုန်းရပ်ကွက်ပရဟိတအဖွဲ့များ စုပေါင်းထားသော ပေါင်းစုခြင်းရဲ့ တွဲလက်များအသင်းနှင့် အလှူရှင် များက အသိပညာပေးခြင်း၊ နှာခေါင်းစည်းများ လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးသန့်(ပြန်/ဆက်)