မောင်တော ဇွန် ၁၁
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပမှု ရှိစေရေး အတွက် ရှေ့တန်း အမှတ်(၁၅)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးမှ ဦးဆောင်၍ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် ပြည်သူများက အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ဗဟိုကျောင်းတိုက်နှင့် လမ်းမကြီးတစ်လျှောက်ယနေ့ နံနက် ၇ နာရီအချိန်က စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြရာ ရှေ့တန်းအမှတ်(၁၅) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ ဒုတိယစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး သန်းလှိုင်၊ ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူး ကြီး ကျော်သူဝင်းနှင့် တာဝန်ရှိသူများက လှည့်ပတ်ကြည့်ရှုခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုင်အေး၊ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးကံထွန်းအောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးတင်ဝင်းထွဋ်၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ပြည်သူများ စုစုပေါင်းအင်အား ၁၂၀ ခန့်က စုပေါင်းကာ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် ဗဟိုကျောင်းတိုက် ခြံဝင်းအတွင်း၊ အပြင်ရှိ မြက်ပင်၊ ပေါင်ပင်၊ ချုံနွယ်များအား သန့်ရှင်း သာယာလှပစေရေးအတွက် ခုတ်ထွင်ရှင်းလင်းပြီး ရေမြောင်းအတွင်းရှိ အမှိုက်သရိုက်များကိုလည်း ဆယ်ယူခြင်း၊ တံမြက်စည်းလှဲခြင်း စသည့်တို့ကို စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြပြီး မြို့လမ်းမကြီး တစ်လျှောက်တွင်လည်း တာဝန်ရှိသူများ ပလက်စတစ်အမှိုက်များကို ကောက်ယူပြီး စည်ပင်သာယာရေးအဖွဲ့က အမှိုက်သိမ်းကားဖြင့် သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)