နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ မူးယစ်ရန်စွယ်တားဆီး ကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေး

နောင်ချို ဇွန် ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း နောင်ချိုရိပ်မွန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်ရန်စွယ် တားဆီးကာကွယ်ရေးအသိပညာပေး Talk Showဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၃:၀၀)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက Talk Showဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး မြို့နယ်မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်ကျော်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို တစ်ဦးတစ်ယောက်ထဲ မဟုတ်ပဲ ကျယ်ကျယ်ပြန့်ပြန့် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြစေလိုကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း နောင်ချိုရိပ်မွန် စီမံချက်မန်နေဂျာ ဒေါက်တာဝေဖြိုးမောင်က တရားမဝင် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် နှစ်စဉ်သေဆုံးမှုအခြေအနေများ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုများ၊ စိတ်ကြွဆေးနှင့် ကူးစက်ရောဂါ အန္တရာယ်များနှင့် ပက်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ အသိပညာပေး Talk Showဆွေးနွေးပွဲများကို ဌာနဆိုင်ရာများ၊လူမှုရေး အသင်းအဖွဲ့များနှင့် ချိတ်ဆက်၍ Online မှတဆင့် ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ်၊ပြန်/ဆက်