နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စားသုံးသူတောင်းဆိုနိုင်သည့် အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေး

နောင်ချို ဇွန် ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍  စားသုံးသူတောင်းဆိုနိုင်သည့် အခွင့်အရေးများ ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးပေါင်ခန့်လန်က စားသုံးသူ၏ တာဝန်များ(၄)ချက်ကိုလည်းကောင်း၊ စားသုံးသူများ တောင်းဆိုနိုင်သည့် အခွင့်အရေး(၈)ချက်ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲများကို  ဌာနဆိုင်ရာများ၊ လူမှုအသင်းအဖွဲ့များနှင့် ချိတ်ဆက်၍  Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွေးငယ်