မရမ်းကုန်းမြို့နယ် မြန်မာ့ကြယ်ဖြူ လူမှုဖွံ့ဖြိုးတိုးတက်​ရေး ပရဟိတအသင်းသို့ ပရဟိတလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများ လာရောက်လှူဒါန်း

မရမ်းကုန်း ဇွန် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၆)ရပ်ကွက်၊​ပေါက်​စေတီလမ်းရှိ မြန်မာ့ကြယ်ဖြူလူမှုဖွံ့ဖြိုးတိုးတက်​ရေး ပရဟိတအသင်းသို့  ပရဟိတလုပ်ငန်းများတွင် အသုံးပြုရန် ယမန်နေ့မွန်းလွဲပိုင်းက အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြသည်။

မြန်မာ့ကြယ်ဖြူပရဟိတအသင်းသို့ လာရောက်လှူဒါန်းသည့် အလှူရှင်များမှာ မရမ်းကုန်းမြို့နယ်၊ အမှတ်()ရပ်ကွက်​ အောင်မင်္ဂလာ(၂) လမ်းမှ ကွယ်လွန်သူ မိခင်ကြီး​ဒေါ်တင်​ရွှေအား ရည်စူး၍ သမီး​​ဒေါ်ထားထား​အေးမှ အလှူငွေကျပ်(၁၀၀၀၀/)နှင့် ​ဒေါ်မြင့်မြင့်​မော်မှ အလှူ​ငွေကျပ်(၅၀၀၀၀/)တို့ဖြစ်ပြီး အဆိုပါလှူဒါန်း​ငွေများအား မြန်မာ့ကြယ်ဖြူပရဟိတအသင်း ဥက္ကဋ္ဌ ဦးလွင်​​မောင်မှ လက်ခံခဲ့​ကြောင်း သိရသည်။

အေးအေးအောင်