မိုင်းဖြတ် ဇွန် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က မူးယစ်ဆေးဝါး သမိုင်းအကျဉ်းနှင့် အမျိုးအစားများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ လူငယ်များ စာပေအသိပညာမှ မူးယစ်ဆေးဝါးကင်းစင်ရေး၊ မူးယစ်ဆေးဝါး အန္တရာယ်ကို အသိနှင့်သတိဖြင့် ရှောင်းရှားရေးစသည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေဂဝါးအန္တရာယ် အသိပညာပေး နံနရံကပ်စာစောင်များ၊ သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
သန်းထွန်းအေး