ဒေါပုံ ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နံနက် ( ၁၀) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဒုတိယဦးစီးမှူး ဒေါ်သူဇာ၀င်းမှ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်ပြီး သိသင့်သိထိုက်သောအချက်များကို မေးမြန်းဆွေးနွေးရာ ဒေါ်ဇင်မော်မော် (မြို့နယ်မိခင်နှင့် ကလေးအမျိုးသမီးရေးရာ အတွင်းရေးမှူး) မှ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့်ဖြစ် ပေါ်လာနိုင်သောဆိုးကျိုးများ၊ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအကြောင်း၊မူးယစ်ဆေးဝါးသည်လူကို အန္တရာယ်ဖြစ်စေနိုင်ရုံမက အသက်အိုးအိမ်စည်းစိမ်ကိုပါ ထိခိုက်စေတဲ့အရာဖြစ်ကြောင်း၊ ယနေ့ခေတ်လူငယ်များမှာ မူးယစ်ဆေးဝါးရဲ့ သားကောင်တွေ ဖြစ်နေကြတာမြင်တွေ့နေရကြောင်း၊ လူငယ်တွေဟာ နောင်တချိန်တွင် တိုင်းပြည်၏အနာဂတ်ကြယ်ပွင့်များ ဖြစ်သည့်အတွက် မူးယစ်ဆေးဝါးကို ဝေးဝေးရှောင်ကျဉ်သင့်ကြောင်း၊ လှပတဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ရန် ဆေးလိပ်မှအစ မူးယစ်ဆေးဝါးကို သုံးစွဲခြင်းမှ ရှောင်ကျဉ်ဖို့လိုအပ်ကြောင်း စသည့်အချက်များကို ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့ကြောင်း သိရသည်။
သူဇာဝင်း