ဘီးလင်းမြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

ဘီးလင်း ဇွန် ၁၁

သထုံခရိုင်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဘီးလင်းမြို့နယ် နယ်သစ်တောဦးစီးဌာနနှင့် ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ညနေ နာရီက ဘီးလင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ ကျင်းပပြုလုပ် ကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင်ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက ဆွေးနွေးပွဲ ကျင်းပရခြင်းကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး (Talk Show) ဆွေး နွေးပွဲကို ပြုလုပ်ရာဘီးလင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထင်လင်းအောင်က သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအနေဖြင့် လက်ရှိဆောင် ရွက်နေသည့်  လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပြည်သူများအနေဖြင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအတွက် ပူးပေါင်းလိုက်နာဆောင်ရွက်ရမည့်အချက်များကို Online မှ တစ်ဆင့် အကျယ်တစ်ဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထူးနောင် ဘီးလင်း