ကျိုက်ထို ဇွန် ၁၁
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲပိုင်းက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းဇော်ဦးက မူးယစ်ဆေးဝါးဆိုသည်မှာ၊ မူးယစ်ဆေးဝါးအုပ်စု(၃)မျိုး၊ မူးယစ်ဆေးဝါးသုံးစွဲသူများ ဖြစ်တတ်သည့် လက္ခဏာများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများရရှိမည့် ထိခိုက်မည့် ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးဝါးနှင့် ပက်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များ၊ မူးယစ်ဆေးဝါးဆိုင်ရာပြစ်မှု၊ ပြစ်ဒဏ်များစသည်တို့ကို အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အေးယုဝေ(ကျိုက်ထို)