သင်္ဃန်းကျွန်း ဇွန် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး (Talk Show)ကို ယနေ့နံနက်(၁၁:၀၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါဝင်းမြိုင်က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး စာရေးဆရာမ စိန်မေရီလွင်မိုးမှ မူးယစ်ဆေးဝါးအန္တရာယ်အား ကာကွယ်ရမည့်နည်းလမ်းများနှင့် မူးယစ်ဆေးဝါးနောက်ဆက်တွဲ ဆိုးကျိုးများအကြောင်းကို ဆက်လက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး (Talk Show)ဆောင်ရွက်မှုများအား ရန်ကုန် အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း) ပြည်သူ့စာကြည့်တိုက် Facebook Pageတွင် ထုတ်လွှင့် ဆောင်ရွက်ထားရှိပြီး အများပြည်သူဗဟုသုတရရှိစေမည့် အသိပညာပေး အစီအစဉ်များလည်း ဆက်လက်ပြုလုပ်ဆာင်ရွက်သွားဦးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဝါဝါ