မိုင်းယောင်း ဇွန် ၁၀
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်နှင့် ဝန်ထမ်းများသည် ယနေ့မွန်းလွဲ ၂ နာရီက နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် အသိပညာဗဟုသုတများကို အချိန်ရတိုင်း ဖတ်မှတ်လေ့လာခြင်းနှင့် စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို ဆွေးနွေးခဲ့ပြီး သုတ/ရသစာအုပ်၊ ဝတ္ထု၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် ရုပ်ပြစာအုပ်များ ငှားရမ်းခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း