ဗန်းမော်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၄၂၀)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်

ဗန်းမော်   ဇွန်   ၁၀

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၄၂၁)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက ဗန်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့သို့ ပေးအပ်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်)လအတွက် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားတစ်ဦးလျှင် ထောက်ပံ့ငွေကျပ် သုံးသောင်းနှုန်းဖြင့် ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်း၊ အဆိုပါ ထောက်ပံ့ငွေများကို ဗန်းမော်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာဦးနှင့် ဗန်းမော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုလင်းတို့က ဗန်းမော်မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား (၄၂၀)ဦး အတွက် ထောက်ပံ့ငွေကျပ်(၁၂၆)သိန်းကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ပြီး သက်ကြီးဘိုးဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)