ကျောက်ပန်းတောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show ပြုလုပ်

ကျောက်ပန်းတောင်း ဇွန်  ၁၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲ(၁) နာရီက မြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ပြုလုပ်ခဲ့ ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲ Talk Show တွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က မိတ်ဆက်စကားပြောကြားပြီး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများ သိရှိသင့်သည်များကို မေးမြန်းရာ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်းက မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများ၊ ကျောင်းသားလူငယ်များသိရှိထားသင့်သည့် အချက်များဖြစ်သော မူးယစ်ဆေးဝါးအမျိုးအစားများ၊ စိတ်ကြွရူးသွပ်ဆေးအမျိုးအစားများဖြစ်သည့် အက်ဖီဒရင်း၊ ကာဖင်းအစရှိသည့် ဓာတုပစ္စည်းများကို အခြေခံဖန်တီးထားသည့် ဆေးများ၏ အကျိုးအာနိသင်များနှင့် ပတ်သက်၍ လည်းကောင်း၊ အစရှိသည့် တားမြစ်ဆေးဝါးများနှင့်ပတ်သက်သည့် မြန်မာနိုင်ငံ၏ ၁၉၉၃ ခုနှစ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များအရ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ စိတ်ကြွရူးသွပ်ဆေးဝါးများကို သုံးစွဲခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုးကျိုးများနှင့်ပတ်သက်သည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ နောက်ဆက်တွဲ ဖြစ်ပေါ်လာတတ်သည့် ဆိုးကျိုးများ၊ ဥပဒေချိုးဖောက်မှုများ စသည်တို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြီး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် ဝန်ထမ်းအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ မိဘပြည်သူများ လက်တွဲညီညီပူးပေါင်းဆောင်ရွက်၍ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူတိုက် ဖျက်သွားကြရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားပြီး၊ ပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်ကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)