ဂွမြို့နယ်အတွင်းရှိ အသက် (၅) နှစ်မှ အသက် (၁၂) နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံ

ဂွ ဇွန် ၁၀

 ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ အသက် (၅) နှစ်မှ အသက် (၁၂) နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများအား “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆေးထိုးစုရပ်နေရာများခွဲ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ယမန်နေ့အထိ မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၀၄၂) ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးနိုင်ခဲ့ပြီး မိဘအုပ်ထိန်းသူများရဲ့ သဘောတူခွင့်ပြုချက်အရ ကျောင်းသား၊ ကျောင်းသူ များ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း တွင်  အ.ထ.က (ညောင်ချောင်း) စုရပ်၌ အ.လ.က(ခွဲ) လောင်းကျိုး၊ မူလွန်(တင်းတော)၊ အ.မ.က(ခွဲ) ကိုင်းတောကွင်း၊ အ.မ.က(အမော်)နှင့် အ.မ.က(ဇီးခုံ) ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ များအားလည်းကောင်း၊ အ.ထ.က (ရေကျော်) စုရပ်၌ အ.လ.က(ခွဲ) ပလ္လင်မော်၊ အ.မ.က (ကံပေါက်)၊ အ.မ.က(နန်ကသူ)၊ အ.မ.က(ဂျိုင်ကြီး)၊ အ.မ.က(ကျင်းကြီး)၊ အ.ထ.က (ရေကျော်) အ.မ.က (ရေကျော်အရှေ့)၊ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း၊ ညနေပိုင်းတွင်  အ.ထ.က (ညောင်ချောင်း) စုရပ်၌ အ.ထ.က (ညောင်ချောင်း)၊ မူလွန်(ချင်းကုန်း)၊ အ.မ.က (ရွှေတွင်းတူး)ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ရွှေရည်ဝင်းကျော်