သိန္နီမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲနှင့် စာအုပ်/စာစောင်ပြပွဲ ကျင်းပ

သိန္နီ ဇွန် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ဇွန်လ(၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲနှင့် စာအုပ်/စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုကပြိုင်ပွဲတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲတွင် အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၂)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများ ဗဟုသုတရဖွယ် သုတ/ရသစာအုပ် (၃၅၀)ကို ခင်းကျင်းပြသထား ရာ ကျောင်းသား/ကျောင်းသူ (၄၀)ဦး ကြည့်ရှု့​လေ့လာခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ(သိန္နီ)