အင်တောမြို့တွင် စာဖတ်ဝိုင်းပြုလုပ်

အင်တော ဇွန် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club) တို့ပူးပေါင်း၍ စာရေးဆရာ အောင်သင်း၏ နှလုံးသားကိုလေးပေါ်တင်၍ပစ်သောအခါ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်လှလှထွေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်းအကြောင်း ပြောကြားသည်။ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များက စာရေးဆရာအောင်သင်း၏ နှလုံးသားကို လေးပေါ်တင်၍ပစ်သောအခါ စာအုပ်ပါ ဖတ်ဖို့ကျင့်ဖို့၊ လူငယ်နှင့်သည်းခံမှု၊ စွန့်လွတ်ခြင်းနှင့်စွန့်လွတ်ခြင်းစသည့် ခေါင်းစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးကြသည်။ အဆိုပါ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြစ်သည့်  ဒေါ်စုစုထွေး၊ ဒေါ်ဝါဝါခိုင်၊ အေးရွှေကြည်တို့က စာအုပ်ပါရှိသည့် အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။

အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး သိပညာဗဟုသုတများ အပြန်အလှန်ဖလှယ်ဆွေးနွေး နိုင်ရေးနှင့် စာပေမြတ်နိုးသူများ အချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရေး ရည်ရွယ်၍ စာရေးဆရာ အောင်သင်း၏ နှလုံသားကိုလေးပေါ်တင်၍ ပစ်သောအခါ စာအုပ် စာဖတ်ဝိုင်းပြုလုပ်ကြောင်း သိရသည်။

အောင်ခိုင်(ပြန်/ဆက်)