မိုင်းတုံမြို့နယ်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနရှိ Community Centre ခန်းမ၌ လူငယ်နှင့်အားကစားအသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ

မိုင်းတုံ ဇွန် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်နှင့်အားကစား အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်ခင်း(၁) နာရီအချိန်က ကျင်းပခဲ့သည်။

အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦး‌‌ ကျော်ဇင်လတ်က လူငယ်နှင့်ပတ်သက်၍  စိတ်လေလွှင့်မှုနည်းပါးပြီး ကျန်းမာ၊ ကြံ့ခိုင်ပြီး မြန်မာ့အားကစားကမ္ဘာကို လွှမ်းခြုံနိုင်အောင်၊ မိမိတို့ဌာနမှလူငယ်များအား အရည်အချင်းပြည့်ဝသည့် အားကစားသမားများ‌ပေါ်ပေါက်လာစေရန် မွေးထုတ်ပေးသည့် အကြောင်းများ၊ အားကစားနှင့်ပတ်သက်ပြီး ဆောင်ရွက်ပေးနေမှုများကို အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

အဆိုပါ လူငယ်နှင့်အားကစားနှင့်ပတ်သက်သည့် အသိပညာပေး Talk Show ဆွေးနွေးမှုများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် We Love Mong Tong , Facebook Page မှတဆင့်ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)