မောက်မယ်မြို့နယ်၌ ကြိုတင်ကာကွယ်မူးယစ်အန္တရာယ်ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပနိုင်ရေးဆွေးနွေးပွဲပြုလုပ်

မောက်မယ် ဇွန် ၁၀


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းဆင့် စာစီစာကုံး ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက စတင်၍ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းမိုခမ်းက မူးယစ်ဆေးဝါးအန္တရာယ်ကို ကျောင်းသား/ ကျောင်းသူလူငယ်များသိရှိပြီး ရှောင်ရှားနိုင်စေရန်၊ မူးယစ်ဆေးဝါးအန္တရာယ် ဆိုးကျိုးများကို ငယ်စဉ်ကပင်နားလည်သိရှိပြီး ရှောင်ရှားတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့် အ..က ၊ အ..က နှင့် အ..က(ခွဲ) မှ ကျောင်းအုပ်ဆရာမကြီးများတို့က ပြိုင်ပွဲဝင် စာစီစာကုံးခေါင်းစဉ်နှင့် အမှတ်ပေးစည်းမျဉ်းများ ဝိုင်းဝန်းရေးဆွဲပြီး ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)