မိတ္ထီလာ ဇွန် ၁ဝ
မိတ္ထီလာမြို့နယ်၌ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများရှိ အသက် ၅ နှစ်မှ ၁၂ အထိ ကျောင်းသူ၊ ကျောင်းသား ၂ဝ၅၅၆ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနဲ့ ကိုယ်ပိုင်ကျောင်းများမှာရှိတဲ့ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသူ၊ ကျောင်းသားများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းကို ဇွန်လ ၂ ရက်နေ့က စတင် ဆောင်ရွက်ခဲ့တာဖြစ်ပြီး ယနေ့မှာလည်းဆက်လက်ထိုးနှံပေးလျက်ရှိပါတယ်။ ယနေ့မှာ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးတဲ့ကျောင်းများနဲ့ ကျောင်းသူ၊ ကျောင်းသားဦးရေကတော့ အမက(၁၁၃) ရေဝေအုတ်ကျင်း ၂၅၅ ဦး၊ အမက (၇၃) ဆည်ကုန်း(ရှေ့)၊ အမက(၈၄) ထနောင်းကန်၊ အမက(၁၄ဝ) ချုံစွန်း ၃ဝ၅ ဦး၊ မူလွန် ကျေးသာအိုင့် ၃၃၅ ဦး၊ အမက(၂ဝ၉) ညောင်ပင်လှ၊ မုန်ပင်ဆည်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁ဝ၂ ဦး၊ အထက(ရေချို)၊ အမက(၄၃) ရွာသာ ၊ အမက(၁၆) သမင်ပျို ၂၇ဝ ဦး၊ အထက(ခွဲ) သဖန်းပင်ရိုး၊ အထက(ခွဲ) ဒီးဒုတ်တောင်၊ အမက(၇၆) ဆပ်ပြာကျင်း ၃၃ဝ ဦး၊ အမက(၁၉၉) ကျောက်ပုံကန်၊ အမက( ၁၂၃ ) အိုင့် ၁၇၅ ဦး ၊ အမက(၄၁) ပိတောက်ပင်၊ အမက(ကန်ကြီး-၂)၊ အမက(၁၈၇) ကျိတ် ပုလဲ ၁၈၅ ဦး၊ အထက(ခွဲ)ဇရပ်ကုန်း၊ အလက(ခွဲ) လက်ပံအိုင့်၊ အမက( ဂွေးချိုရွာသစ်) ၂၇၅ ဦးတို့ကို သက်ဆိုင်ရာကျောင်းများမှာ အသီးသီးကာကွယ်ဆေးများထိုးနှံပေးတာဖြစ်ပါတယ်ဟု မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မိတ္ထီလာမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၂၆၇ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်း ၁၉ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၁၉ ကျောင်းရှိပြီး ဇွန်လ ၂ ရက်နေ့မှ ဇွန်လ ၁၇ ရက်နေ့အတွင်း အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသူ၊ ကျောင်းသားစုစုပေါင်း ၂ဝ၅၅၆ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းအား သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချမ်းသာ