မိုင်းယန်းမြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ဆက်လက်ထိုးနှံပေး မိုင်းယန်း ဇွန် ၁၀

မိုင်းယန်း ဇွန် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)  ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ‌ဈေးတန်းရပ်ကွက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ဆက်လက်ထိုးနှံပေး လျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးကြီးကြပ်(၁) ဦးကျော်သက်ပိုင် ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ၊ဆရာမများနှင့် စေတနာ့ဝန်ထမ်းများက အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ကျောင်းသူများအား စနစ်တကျစာရင်းသွင်းပြုစု၍ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဆေးထိုးပြီး ကျောင်းသား၊ ကျောင်းသူများကို သီးခြားနားနေခန်းတွင် နာရီဝက်အကြာနေပြီးမှ ပြန်လည်စေလွတ်ခဲ့ကြောင်း သိရသည်။      

ထွန်းထွန်းထူး