မုဒုံ ဇွန် ၁၀
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် မိုးတွင်းကာလ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပြည်သူများဆောင်ရန်၊ ရှောင်ရန်အချက်များ အသိပညာဗဟုတရရှိစေရန်အတွက် ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ပြုလုပ်ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်မီးသတဦးစီးဌာနဦးစီးအရာရှိ ဦးဖုန်းမြင့်အေးက မီးသတဦးစီးဌာန၏ လုပ်ငန်းစဉ်များ၊ သဘာဝဘေးမဖြစ်မီ/ ဖြစ်နေချိန်/ ဖြစ်ပြီးနောက် ဆောင်ရွက်မှု အခြေအနေများအကြောင်း၊ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ထိခိုက်မှုလျော့နည်းအောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ချက်များအကြောင်းနှင့် ၂၀၂၁ ခုနှစ်မှ ယနေ့အထိ ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ် အခြေ အနေများကို အကျယ်တဝင့် ရှင်းလင်းပြောကြားဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့်တပြေးညီ သတင်းရရှိစေရေးအတွက် ပြည်သူများက ပူးပေါင်းပါဝင်ပေးကြပါရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)